မွန်ပြည်နယ် ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ပစ်ခတ်ရှင်းလင်းခံရသည့် နယ်ထိန်းရဲမှာ လမိုင်းမြို့ မြို့မ ၁၊ ၂၊ ၃ နယ်ထိန်းရဲ အောင်ကျော်မင်း ဆိုသူဖြစ်ပြီး မော့ကနင်ရွာရှိ ကားပြင်ဆိုင်တွင် သေဆုံးသွားသည်ဟု ဆိုသည်။
“ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် သေသွားတယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ရေးမြို့နယ်၌ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် CDM မလုပ်ထားသည့် ဝန်ထမ်းများကို အမြန်ဆုံးနှုတ်ထွက်ရန် ယနေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့သတိပေးချက်ထုတ်ပြန်ပြီးနောက် နယ်ထိန်းရဲတစ်ဦးရှင်းလင်းခံရခြင်း ဖြစ်သည်။
အဆိုပါ နယ်ထိန်းရဲ အောင်ကျော်မင်းကို ၎င်းတို့ ရှင်းလင်းခဲ့ခြင်းဟုလည်း ရေးဘီလူးခေါင်း ဆောင်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အတည်ပြုသည်။
မကြာသေးမီရက်ပိုင်းများကလည်း ရေးဘီလူးအဖွဲ့က ရေးခရိုင်တရားရုံးနှင့် ရေးမြို့နယ်လဝကရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုမြို့နယ်လဝကမှူး အပါအဝင် သုးဦး သေဆုံးသွားခဲ့သည်။
