ရန်ကုန်မြို့ သန်လျင်မြို့နယ် (၆)လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အပြင်းစားဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပေါက်ကွဲအားပြင်း ဗုံးတစ်မျိုးပါပဲခင်ဗျ။ ကနဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကတော့ ဘဲဥတစ်ဦးပါ ။ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ “ဟု အထက်ပါဒေသခံက ပြောသည်။
သန်လျင် – ကျောက်တန်း (၆)လမ်းသွားလမ်းပေါ်၌ ယာဉ်ထိန်းရဲများသည် အကြမ်းဖက်စစ်ကောင်စီ နှင့်ပေါင်း၍ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေသောကြောင့် သန်လျင်သားများ သွေးမအေးကြောင်း ပြသခြင်းဖြစ်သည်ဟု သန်လျင်(ပကဖ)မှ တာဝန်ရှိသူက သန်လျင်မီဒီယာ၌ ဖြေကြားထားသည်။
“အခုတော့ စခ၊ရခတွေ ဖြစ်စဥ်ဖြစ်ပွားရာနေရာကို ရောက်နေကြပြီ။ ရဲကင်းအဆောက်ဦးကတော့ ပျက်စီးသွားပါတယ်”ဟု သန်လျင်(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
