မြန်မာစစ်တပ်ကို တာ၀န်ခံခိုင်းရန် ဆက်လက်ကူညီကြိုးပမ်းမည်ဟုဆို
“မကြာသေးမီက အနည်းဆုံး ကျောင်းသူ၊ ကျောင်းသား ကလေးငယ် ၁၁ ဦးကို အသက်ဆုံးရှုံးစေခဲ့ပြီး အခြား ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားသော တိုက်ခိုက်မှုများအားလုံးကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
နိုင်ငံတကာ ဥပဒေများချိုးဖောက်ခြင်းအတွက် မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းရန် လုပ်ဆောင်မည့် လုပ်ငန်းများ၊ ပညာသင်ယူခွင့်၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် တစ်ကိုယ်ရည် လုံခြုံမှု ရရှိရေးတို့အပါအဝင် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ၏ လူ့အခွင့်အရေးကို ကာကွယ်သည့် လုပ်ငန်းများကို ကနေဒါနိုင်ငံက ဆက်လက်ကူညီထောက်ပံ့သွားမည်ဟု ဆိုသည်။
