စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လယ်ထွန်နေသူတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၁၈ရက်က ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်ရှိ ဝက်ခုတ်ကျေးရွာအနီး ရှောက်စူးတောတိုက်တွင် စိုက်ပျိုးရန် လယ်ထွန်နေသော အသက်(၄၂)နှစ်အရွယ် ဦးဖိုးဆယ်နှင့် အသက်(၂၄)နှစ်အရွယ် မောင်စိုးလင်းပိုင်တို့အား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“မြိုင်မြို့နယ်၊ပန်းစွာရွာဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတွေ့ရှိပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။”ဟု ဒေသတွင်း Pale Entertainment က အသိပေးသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၉ရက် ညနေနှင့် ၂၀ရက် နံနက်ပိုင်းအချိန်များက ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
