Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့်သုံးရက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံး

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တပ်တို့အား ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)ကယနေ့ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်မှ ၁၉ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို KNU တပ်မဟာ( ၅ )ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၉ရက်က စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များအား ဝါးဒူး နှင့် သါ့ဂေါ်ပလေ အကြား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGFမှ ဗိုလ် အဆင့်ရှိသူ အပါအဝင် ၄ ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်းတံတား ၁စင်း၊ကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၈ရက်နံနက်ကလည်း ဝါ့ကလေ့တူ ဒေသ၌ တစ်ကြိမ်၊ ထူမောဒဲရွာအနီး တစ်ကြိမ် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ယင်းတိုက်ပွဲ ၂ကြိမ်၌စစ်ကောင်

စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။ ယင်းနေ့၌ပင်ဖာပွန် – ကမမောင်းလမ်းပေါ်ရှိ မိုင် (၄၀) တံတားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ကမမောင်းမြို့အနီးရှိ အုန်းတောလေဆိပ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ ညနေပိုင်း၌ စစ်ကောင်စီတပ်၏ ခေါပုပ်စခန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ယခင်နေ့များကလည်း ခေါပုပ်စခန်းကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သည်။

စက်တင်ဘာ ၁၇ရက်က သွာ့ခို့လော် နှင့် ထီးလယ်ပူရွာ အကြား၌ တစ်ကြိမ်၊ ထီးလယ်ပူ ငှက်ပျောတော၌ ၁ကြိမ် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း တပ်မဟာ(၅) စစ်သည်တော်များ ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

စျေးရောင်းပွဲတော်ကို ပါဝင်ကူညီသူများအနေဖြင့် နောက်ဆုံးအကြိမ်ဖြစ်စေရန်နှင့် နောက်နောင်မပါဝင်ရန်လည်း မင်းတပ် CDFက သတိပေးလိုက်သည်။

သတင်း

အဆိုပါ ကြိတ်စခန်းကို သြဂုတ် ၈ရက်မှစ၍ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာတွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။