ဖမ်းဆီးမိခဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးမှာ ပြန်လည်ခုခံသဖြင့် ရှင်းလင်းလိုက်ရကြောင်း Earthquake People’s Defence Force ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောကြားသည်။
ပခုက္ကူမြို့နယ် အနောက်ခြောက်ကန်ကျေးရွာသို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ မှတ်ပုံတင်အမှတ် ၁၃/လလန(နိုင်) ၀၇၄၆၆၂ ကိုင်ဆောင်သော ဗိုလ်မှူးအောင်ထွန်းကို Earth quake People’s Defence Force အဖွဲ့မှ ယနေ့နေ့လည် ၂နာရီတွင် အရှင်ဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းထံမှ စအဖ ၊ရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ အခြားအရေးကြီးသည့် စာရွက်စာတမ်းများနှင့်အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံကိုပါ သိမ်းဆည်းရရှိခဲ့သည်။
“လားရှိုးကနေ ပြန်လာတာ။အနောက်ခြောက်ကန် ကျေးရွာက သူ့ဇာတိ။ အေးအေးဆေးဆေးဖမ်းတာ လက်မခံလို့ ရှင်းလိုက်ရပါတယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူက ရှင်းပြသည်။
ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။
စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သူကိုမဆို ပိုမိုအရှိနိမြှင့်ကာ အမြစ်ပြတ်တွန်းလှန်တိုက်ထုတ် သွားမည်ဟုလည်း Earthquake People’s Defence Force က သတိပေးသည်။
