Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်

ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆက်မပြတ်အလင်းဝင်ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်
စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်

ကော်သူးလေ မူတြော်(ဖာပွန်)ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တပ်မဟာ(၅)ထံသို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁)ရက်က စစ်ကောင်စီလက်အောက်ခံ စကခ(၈) ခမရ(၄၀၁)တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ တပ်သားသာလှနဲ့ ရဲသီဟထွန်းတို့ဟာ ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းကို အလင်းဝင်ရောက်ရှိလာပြီး (3A-4)လက်ဖြောင့်သေနတ်တစ်လက်နဲ့အတူ ကျည်(၁၆)တောင့် ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခုလို ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း အလင်းဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ယူဆောင်လာသူ မောင်သာလှကို (၁၅၀၀၀၀၀)ကျပ်နဲ့ လက်နက်မယူဆောင်လာတဲ့ တပ်သားရဲသီဟထွန်းကိုတော့ ငွေကျပ်(၅၀၀၀၀၀)တိတိ ဆုငွေပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မူတြော်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆက်မပြတ်အလင်းဝင်ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်တွင်းရွာရှိ နေအိမ် ၅၁လုံး မီးလောင်ပျက်စီးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီဘက်က ဒေသခံပြည်သူများ အပေါ် လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနေ့စဉ် ပြုလုပ်နေသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုသည်ဟု ဆိုသည်။