တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီး တစ်နှစ်အတွင်းတိုက်ပွဲပေါင်း ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀၀ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ထုတ်ပြန်သည်။
အဆိုပါတပ်ရင်းသည် NUG အစိုးရက ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြေညာခဲ့သည့် စက်တင်ဘာ ၇ရက်မှ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် EAO၊ ပကဖ ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီထောက်တိုင် လေးကြိမ်ဖြိုခဲ့ပြီး စုစုပေါင်း ၄၅ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း စစ်ကောင်စီဘက်မှ ၂၀၆ဦးနှင့် ဒဏ်ရာရရှိသူ ၂၅၇ ဦးရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
“အဓိက မိုင်းကြောင့် ကျတာများတယ်။ ရင်ဆိုင်တိုက်ပွဲတွေဆို ကျွန်တော်တို့ဘက်က လက်နက်အင်အားမမျှတော့ ထိရောက်မှု သိပ်မရှိဘူးခဗျ၊မိုင်းက အတော်လေး ကျဆုံးစေတယ်”ဟု မြိတ်ခရိုင်၊တပ်ရင်း (၁)က တာဝန်ရှိသူက ပြောသည်။
ထို့အပြင် မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)မှတို့ ရဲဘော် ၈ ဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။
