ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။
“ရတနာလမ်းပေါ်မှာပဲ သူ့အိမ်က။လမ်းလျှောက်နေရင်း ပစ်ခံရတာ။ပစ်ခံရတဲ့နေရာမှာတင် သေ သွားတယ်”ဟု လှိုင်မြို့နယ်(၁၃)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
၎င်း(ရာအိမ်မှူး အောင်စိုး)သည် စစ်ကောင်စီ သတင်းပေးဒလန်အဖြစ်နာမည်ကြီးသူဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများကိုလည်း အာဏာပြလေ့ရှိသူဟု ၎င်းက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏရှင်းလင်းခံနေရသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊သတင်းပေးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ထားသူများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ရန် တော်လှန်ရေးအင်အားစုများနှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက အကြိမ်ကြိမ်သတိ ပေးထားသည်။
