မန္တလေး မြစ်ငယ်မြို့ မီးရထားစက်ရုံ အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ကြီး ဖြစ်သူ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးမနေ့က သေဆုံးသွားပါတယ်။
အမရပူရမြို့နယ် ၊စာတိုး စက်ကွေ့ရပ်ကွက်မှာ နေထိုင်တဲ့ ရုံးအုပ်ကြီး ဒေါ်ကြူကြူစန်းဟာ မနေ့က စက်တင်ဘာလ ၁၆ရက်က ရုံးဆင်းပြီးအိမ်ပြန်လာချိန် အိမ်ရှေ့အရောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကို လုပ်ဆောင်တဲ့အဖွဲ့ကိုမသိရသေးပါဘူး။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် CDMပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ၊ နေအိမ်လိုင်းခန်းကနေ ချက်ချင်းဖယ်ရှားတာတွေ၊ နေအိမ်တွေကို ရှင်းလင်းတာတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
