ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် စစ်ကောင်စီက PDF လေးဦး အလင်းဝင်သည်ဟုဆိုကာ PDF မဟုတ်သူများအား ကြိုဆိုသည့်အခမ်းအနား ကျင်းပခဲ့သည်ဟု တော်လှန်ရေးအင် အားစုများက ပြောသည်။
လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
” PDF လေးယောက် အလင်းဝင်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ဒါ သူတို့ လုပ်နေကြ အလိမ်အညာဇာတ်လမ်းပဲ”ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
PDFအလင်းဝင်သည့် အခမ်းအနားဟုဆိုသော်လည်းစစ်ကောင်စီမှ အတုအယောင်ဖန်တီးထားခြင်းသာဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Voice of Pindaya က ထုတ်ပြန်ထားသည်။
” ဒေသတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များအားစုံစမ်းမေးမြန်းခဲ့ရာတွင် စစ်ကောင်စီအခမ်အနားမှ လူလေးဦးသည် ၎င်းတို့နဲ့သက်ဆိုင်ခြင်းမရှိသူများသာဖြစ်ပြီး ထိုလူလေးဦးကို ဒေသခံများပင်မသိရှိဟု သတင်းရင်းမြစ်များက အတည်ပြုကြောင်း Voice of Pindayaက ဆိုသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွသည့်ဒေသဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီပစ်မှတ်နေရာများအား မကြာခဏတိုက်ခိုက်နေကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်းများ တက်ရောက်နေကြသည်။
