Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ကလေးငယ်အပါအဝင် အရပ်သားထိခိုက်မှုရှိကြောင်း သတင်းရဟုဒေသခံပြော

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးခံတွင်းရွာနှင့်အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့် စစ်အင်အားများပို့ဆောင်သွားကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

“မူးခံတွင်းဘုန်းကြီးကျောင်းထဲမှာတော့ ခွေးတွေချသွားတယ်ပြောတယ်။ တပ်စွဲနေတယ် အဲဒါလောက်ပဲသိရသေးတယ်။ ရဟတ်ယာဉ် ၂စီးနဲ့ ပစ်ပြီးတော့ ၂စီးနဲ့ လူချတယ်။ ၂စီး နှစ်ခေါက် ၄စီးလူချတာပေါ့” ဟု ဒေသခံက ပြောသည်။

စက်တင်ဘာ ၁၆ရက် နေ့လည် ၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ ရဟတ်ယာဉ် နှစ်စီးတို့ဖြင့် ပစ်ခတ်ဝင်ရောက်ကာ မူးခံတွင်းနှင့်ညောင်လှအကြား အင်အားများချထားခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထားသည်။

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ဒီပဲယင်းမှာ အထိုင်ချထားတဲ့ ဒီပဲယင်းစခန်းရယ် စိုင်ပြင်စခန်းရယ်က အပြင်ကို မထွက်နိုင်ဘူး။ ခဏခဏလည်း အဲဒီစခန်းကို အဖွဲ့တွေက သွားသွားပစ်ကြတာ။ပစ်ကြတော့ ဟိုကောင်တွေ အပြင်မထွက်နိုင်တဲ့အချိန်မှာ တစ်ဖက်ကနေဖိအားပြန်ပေးတာနေမယ်”ဟု ဒေသခံက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိသည်ဟု သတင်းရရှိကြောင်း ၎င်းက ဆိုသည်။

“အထိအခိုက်ရှိတယ်ကြားတယ်။ လောလောဆယ် အတိအကျတော့မရသေးဘူး။ အရပ်သား၊ အရပ်သားမှာကလေးတွေပါပါတယ်လို့သတင်းကြားထားတယ်”ဟု ဒေသခံက ပြောသည်။

ဒီပဲယင်းနယ်တွင် ယခုကဲ့သို့ လေကြောင်းမှ စစ်ဆင်ရေးပြုလုပ်ခြင်းမျိုး ယခင်ကလည်း ပြုလုပ်ခဲ့ရာ စုစုပေါင်း လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု ၁၀ကြိမ်ရှိပြီဟုဆိုသည်။ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ညောင်ကြီးကုန်း၊ မဲအိုး ၊ လက်ယက်ကုန်း၊ မူးခံတွင်း ၊ ညောင်လှ၊ သစ်တုံ စသည့်အနီးဝန်းကျင်ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက် ညပိုင်းနှင့် စက်တင်ဘာ ၁၅ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများပစ်ခတ်ပြီး ထိုးစစ်ဆင်ရန် ကြိုးစားလာနေကြောင်း ဖော်ပြထားသည်။

သတင်း

တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ​ဒေသခံများက သုံးသပ်သည်။

သတင်း

တရုတ်က မြန်မာ့ ပြည်တွင်းရေးမှာ ရန်လို တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းစေဖို့ အသံကောင်းဟစ် တောင်းဆိုရင်း စစ်ကောင်စီကို သွယ်ဝိုက် ထောက်ခံနေသလို ရုရှားကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အားအထားဆုံး သံတမန်ရေးရာ မဟာမိတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်နေပါတယ်။