မန္တလေး ချမ်းမြသာစည်မြို့နယ် Gandamar Wholesale အနီး ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို မန္တလေး PDF က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလောင်းကစားဝိုင်းဟာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းဖြစ်တယ်လို့ မန္တလေး PDF ကဆိုထားပါတယ်။
စက်တင်ဘာလ ၁၄ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လောင်းကစားရာမှာအသုံးပြုတဲ့ပစ္စည်းတွေကို သိမ်းဆည်း ကာ ထပ်မံ မပြုလုပ်ကြဖို့သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။
လောင်းကစားဝိုင်းကငွေကြေးကိုတော့သိမ်းဆည်းတာမလုပ်ဘဲ ပြန်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီလက်အောက်ခံတွေကို လိုင်းကြေးပေးကာ လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းတွေကို ရပ်တန်းက ရပ်ကြဖို့ မန္တလေး PDF က သတိပေးထားတာရှိပါတယ်။
