Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်
မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (စက်တင်ဘာ၁၆ ရက်) နံနက်ပိုင်းက မြစ်ခြေမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချကာ တိုက်ခိုက်ခံရ​ပြီး စစ်ကောင်စီတပ်များ ခြေရှုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ် တစ်မနက်လုံး ရခတွေသေနတ်အချက်ပေါင်းများစွာ လိုက်ဖောက်နေကြောင်းသိရပါတယ်။ သူတို့ဘက်တွင်ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရပါတယ်။ မြစ်ခြေလာမယ့်ပြည်သူများ သတိရှိကြပါ။”ဟု Pakokku City & University News က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဒေသတွင်းအဖွဲ့အစည်းများကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် ဆိုင်ကယ်ခြောက်စီး၊ ကားတစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်နှင့် ပျူများအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား ZERO ပြောက်ကျားတပ် ဖွဲ့(မြင်းခြံ)နှင့် True Fighter အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

သတင်း

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

သတင်း

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိကြောင်း AA က ထုတ်ပြန်ထားသည်။