Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနှင့်ချပ်ကုန်းရွာကို ယမန်နေ့( စက်တင်ဘာလ ၁၅ရက်)က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနှင့်ချပ်ကုန်းရွာကို ယမန်နေ့( စက်တင်ဘာလ ၁၅ရက်)က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

” ရမ်းသမ်းပစ်ပြီး ရွာထဲ ဝင်လာတာ။ အရပ်သားတွေ ထိကုန်တယ်ဗျ။ အဲ့ဒီစစ်ကြောင်းက အခုထိရှိနေသေးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိဿလင်ကုန်းရွာမှာ အသက်(၇၆)နှစ်အရွယ် အဘိုးအိုတစ်ဦး၊ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးသေနတ်ကျည်ထိမှန်ခဲ့ပြီး

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ချပ်ကုန်းရွာမှ လသားအရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့သည်ဟု Kotaungbo Revolution – KTB-R Team က ထုတ်ပြန်သည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေရဆဲ ဟုဆိုသည်။

ထို့အပြင် မိဿလင်ကုန်းကျေးရွာမှ နေအိမ်လေးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်။

ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်တွင်လည်း ယနေ့ (စက်တင်ဘာ ၁၆ရက်) နံနက်အစောပိုင်းက စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းတစ်ခုသို့ ကျရောက်ပေါက်ကွဲပြီး ကလေးနှစ်ဦးအပါအဝင် စစ်ဘေးရှောင် လေးဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရသွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အသက် ၂၂ နှစ်အရွယ် မယုဝေမြင့်ကို စက်တင်ဘာလ ၄ရက်က အောင်မြေသာစံမြို့နယ် ၊ မြောက်ပြင်ရပ်နေအိမ်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

သတင်း

အဆိုပါစစ်ကြောင်းသည် နနွင်းကိုင်းကျေးရွာကို ပစ်ခတ်မွှေနှောက်ပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဒေသခံတို့က ပြောသည်။

သတင်း

တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ခိုက်ရပါက အဓိပ္ပါယ်မရှိဟု ယူဆလျက်ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန့်ကျင်ဘက် အနေအထားဖြစ်သည်ဟု ဆိုသည်။

သတင်း

ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက မိုးဗြဲ မြို့မွေတော်ဘုရားဝင်းအတွင်းစစ်ဘေးရှောင် ပြည်သူများနေရာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့ခြင်းဟု ဆိုသည်။