ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၉)ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ထုတ်ပြန်သည်။
ယမန်နေ့ (စက်တင်ဘာ ၁၅ ရက်)နေ့ည ၉ နာရီ ၅၀ ခန့်က (၃၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို YUA အဖွဲ့ဝင် Special Nway Oo(SNO)မြေအောက်တော်လှန် ရေးအဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး ဆက်တိုက်လာဦးမယ် ငါတို့ဘယ်တော့မှ သွေးမအေးဘူး။ ရန်ကုန်မှာ ငါတို့ရှိတယ်။ ထပ်ပြောမယ် အာဏာရှင် စနစ်တစ်ခုလုံး မပြို လဲသ၍ ရန်ကုန်ကို အာဏာရှင်တွေ လုံးဝအုပ်ချုပ်ခွင့်မရစေဖို့ ငါတို့ရှိနေမယ်”ဟု YUA က ထုတ်ပြန်သည်။
အထက်ပါ စစ်ကောင်စီအုပ်ချုပ်ရေးရုံးတိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေအနေအား အတိအကျမသိရသေးသော်လည်း SNO အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းကလည်း YUA အဖွဲ့ဝင် God’s Hands Force(GHF)မြေအောက်တော် လှန်ရေးအဖွဲ့က ရွှေပြည်သာမြို့နယ် ဒညင်းကုန်းရထားသံလမ်းအကျော်ရှိ စစ်သားစုဆောင်းရေးတပ် အနောက်ဘက်ဂိတ်ပေါက်အား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
