မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF) ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၁၄ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြိုင်မြို့နယ်ရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ရှိသူများ၊ မြို့နယ် ပညာရေး တာဝန်ရှိသူများ နှင့် ကျန်းမာရေးတာဝန်ရှိသူများ၊ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ၊ မဟာမိတ်အင်အားစုများ၊ MVRF ရဲဘော်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း MVRFက သတင်းထုတ်ပြန်သည်။






MVRF သည် ပခုက္ကူ ခရိုင် တပ်ရင်း အမှတ်(၆) တပ်ရင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုထားသည့်PDFတပ်ရင်းဖြစ်သည်။
MVRF အနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ဖွဲ့ပြီးပူးပေါင်း တိုက်ခိုက်သွားမည်ဟု အဖွဲ့စတင်တည်ထောင်ကတည်းက ကြေညာထားပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ယမန်နေ့ စက်တင်






ဘာ ၁၄ရက်တွင် မြိုင်နယ်အတွင်း ကင်းပတ်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၈ဦးအား တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးပြီး လက်နက် တစ်လက်နှင့် ကျည်များ ရရှိခဲ့သည်။
