အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုကို အတည်ပြုမရခဲ့သည့် ဖရူဆိုမြို့ နယ်ရထီးပေါ်ဆိုကျေးရွာတိုက်ပွဲနေရာအား နယ်မြေရှင်းလင်းခဲ့ကြောင်း ကရင်နီတပ်မတော်(KA) က ထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၁၄ ရက်)က KA နှင့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၅ တို့ပူးပေါင်း နယ်မြေရှင်း လင်းစဥ် ပျက်စီးနေသော စစ်ကောင်စီကားတစ် စီးအပြင် သင်္ဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။


“ထီးပေါ်ဆိုမှာက ဒီလ လဆန်းပိုင်း ၁ ရက်နေ့က တိုက်ပွဲ ဖြစ်တာ။ပြီးတော့ သြဂုတ်လ နောက်ဆုံးပတ်ကလည်း တိုက်ပွဲ တွေပြင်းထန်ခဲ့တယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ယခုလ ၁၁ ရက်တွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားမျာကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ်ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း KA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
