စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို
ပဲခူးတိုင်း နတ္တလင်းမြို့နယ်အရှေ့ဘက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ့ (၂)Phoneix DFက ယနေ့(စက်တင်ဘာ ၁၄)တွင် ထုတ်ပြန်သည်။
ယနေ့နံနက် ၁၀ နာရီခန့်က နတ္တလက်းမြို့နယ် အရှေ့ဘက် ကြက်မနက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“အဆိုပါဖြစ်စဥ်အတွင်း ထိခိုက်မှုများရှိနိုင်သော် လည်း သတင်းအတိအကျအား အတည်ပြုနိုင်ခြင်းမရှိသေးပါ”ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)မှ ရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။
အထက်ပါ ကြက်မနက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)က ဇူလိုင် ၂၅ရက်တွင် ကရင်ဆင်ဆွဲရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး ဇူလိုင် ၂၃ ရက်ကလည်း ကြက်မနက်ရွာထဲ ဝင်ရောက်ပစ်ခတ်ရာ သုံးဦးသေဆုံးခဲ့သေးသည်။
