စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ကွန်မန်ဒိုတပ်ဖွဲ့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ငါးဦးခန့် ထိခိုက်ခဲ့သည်ဟု MRDAက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက ပုလဲမြို့နယ်၊ပန်းရွာနှင့်မွေ့တုံကျေးရွာ အနီးတွင် အင်အား ၁၈၀ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၁၃ဦးပါ MRDA အထူးကွန်မန်ဒိုတပ်ဖွဲ့ က အနီးကပ် ပြောက်ကျားနည်းဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိတွေ့ချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ငါးဦးမှာ ပြန်မထနိုင်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း MRDAက ထုတ်ပြန်သည်။
သာလွန်အင်အားဖြစ်သော်လည်း ကွန်မန်ဒိုများ၏ နယ်မြေကျွမ်းကျင်မှု၊ အတွေ့အကြုံပြည့်ဝမှုကြောင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
