Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ
မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

မြင်းခြံမြို့နယ် ဆီမီးခုံနယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျုစောထီးတွေ ဆက်တိုက်သတ်ဖြတ်ခံနေရတဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်မွှေကာ ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ကိုးဦး နှစ်ရက်အတွင်း သတ်ဖြတ်ခံရပြီးနောက် စစ်အုပ်စုက ရွာတွေကို ပိုက်စိတ်တိုက်ရှာဖွေတာလုပ်လာတာပါ။

ဆီမီးခုံနယ်က ကန်နီ၊ပင်လယ်၊ငါ့နန်း၊ဖောင်းကတော၊ဖရင်း၊ဖက်ပင် စတဲ့ရွာတွေက ဒေသခံတွေကို ဖမ်းဆီးတာတွေရှိနေသလို ရွာထဲရမ်းကားသောင်းကြမ်းနေတယ်လို့ ဒေသခံများကပြောပါတယ်။

Public Service Announcement
Public Service Announcement

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက် ကဆီမီးခုံမြို့ နယ်အတွင်း ဗိုလ်ကြီးတစ်ဦးနဲ့ နောက်လိုက်တစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း ဖောင်းကတော ရွာက စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးအဖွဲ့ဝင် သုံးဦးပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အနီးကပ် စောင့်ကာတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

သတင်း

ကျဆုံးခဲ့သည့် ခြောက်ဦးတွင် PDF ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦးပါဝင်သည်ဟုဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

သတင်း

ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ထိုတိုက်ခိုက်မှုကို Monywa Fright Group၊ Monywa Ninja Team၊ Nation People Defence Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။