စိုးမိုးထိန်းချုပ်နယ်မြေများ၌ တရားစီရင်နိုင်ရေး အမြန်အကောင်အထည်ဖော်ရန် တိုက်တွန်း
စိုးမိုးထိန်းချုပ်နယ်မြေများ၌ တရားစီရင်နိုင်ရေးကိစ္စကို မကြာခဏ ဆွေးနွေးခဲ့ကြပြီးဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်စေချင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
“အခုဆိုရင် ဒီတနှစ်အတွင်း အားစိုက်လုပ်ဆောင်ကြမယ့် One Year Strategy ကိုလည်း cabinet မှာ ဆွေးနွေးကြပြီးပြီဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးကြပြီးပြီဖြစ်တာမို့ ဆက်လက်အားစိုက်လုပ်ဆောင် သွားကြရမယ့်အလုပ်တွေ အများကြီးရှိနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားသည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေဖြင့် စီမံဆောင်ရွက်ရမည့် ကိစ္စများအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့ ပေါင်းစပ်လုပ်ဆောင်နိုင်ရေးကိစ္စမှာ အလျင်အမြန် လိုအပ်လာပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။
