Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း

စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အဲဒီကံစမ်းမဲကမ်းပိန်းဟာ လက်မှတ်တစ်စောင် ကျပ်တစ်သောင်း၊ ထိုင်းဘတ် ၂၀၀၊ စင်ကာပူ ၅ဒေါ်လာ၊ အမေရိကန် ၅ ဒေါ်လာ၊ ကိုရီးယား၀မ် တစ် သောင်း သတ်မှတ်ထားပါတယ်။

အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း
အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း

မကွေးတိုင်း ပခုက္ကူခရိုင်ထဲက အဖွားအိုတစ်ဦးဟာ သူမရဲ့ရှေးဟောင်းနားကပ်တစ်ရံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ လက်နက်၀ယ်ယူရေးအတွက် ပါ၀င်လှူဒါန်းခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊ တပ်ရင်း (၇၁၀) တပ်ခွဲ – ၁ တပ်ခွဲမှူး Black က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက အဲဒီဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး လက်နက်မပြည့်စုံတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ရှောင်တိမ်းရင်း အဖွားအိုနေထိုင်တဲ့ရွာကို ရောက်ရှိသွားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲကို သိရှိသွားတဲ့ အဖွားအိုဟာ လက်နက်တစ်လက်စာပေးဖို့ ငွေကြေးမရှိတာကြောင့် သူမပိုင်ဆိုင်တဲ့ ရှေး ဟောင်းနားကပ်တစ်ရံကို ရဲဘော်တွေကို ပေးအပ်ခဲ့တယ်လို့ တပ်ခွဲမှူး Black က ပြောပါတယ်။

“သေနတ်တစ်လက်စာကြီးတော့ အဖွားက မတတ်နိုင်ဘူး။ ဒီနားကပ် လေးတော့ အဖွားပေးနိုင်တယ်ဆိုပြီး ဒီအတိုင်းပဲပေးလိုက်တာ။ ကျွန်တော်လည်း အားကိုးစရာပြည်သူပဲ ရှိတာမို့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကနေ ကျွန်တော်တို့ မဲလက်မှတ်လေးတွေကို ၀ယ်ယူပြီးတော့မှ ကျွန်တော်တို့ တပ်ခွဲအတွက် ကူညီစေချင်ပါတယ်။ ပြည်သူတွေခက်ခဲနေမှန်းသိပေမယ့် ဆက်လက်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ တပ်ခွဲမှူးက ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အဲဒီကံစမ်းမဲကမ်းပိန်းဟာ လက်မှတ်တစ်စောင် ကျပ်တစ်သောင်း၊ ထိုင်းဘတ် ၂၀၀၊ စင်ကာပူ ၅ဒေါ်လာ၊ အမေရိကန် ၅ ဒေါ်လာ၊ ကိုရီးယား၀မ် တစ် သောင်း သတ်မှတ်ထားပါတယ်။ ကမ်းပိန်းကို လာမယ့် စက်တင်ဘာ ၂၁ ရက်နောက်ဆုံးထားပါ၀င်နိုင်ပြီး အနောက်ပိုင်းတိုင်း တပ်မဟာ (၇) တပ်ရင်း (၇၁၀) အမည်နဲ့ ဖေ့ဘွတ် စာမျက်နှာ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်လှူဒါန်းလိုပါက၎င်းတို့အဖွဲ့၏ (https://www.facebook.com/100568282713190/) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

သတင်း

ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယမန်နေ့က သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်နှစ်သက် တော့၍ ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ပူးပေါင်းလာခြင်းဟု CDM စစ်ကောင်စီ တပ်သားများက ဆိုသည်။