ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။
စက်တင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီ ၂၃ မိ နစ်ခန့်ကစ၍ ဒေါညေးခူကျေးရွာသို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ် ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆို သည်။
တိုက်ပွဲမှာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး မီတာ ၃၀ သာကွာဝေးသည့် ထိတွေ့မှု မျိုးဖြစ်ကြောင်း အသိပေးသည်။
ထိတွေ့မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေ ဆုံးသည်ကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်းလည်း KA က ပြော သည်။
ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ )ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။
“လက်ရှိဒေသတွင်းမှာ စစ်ဘောင်က အရင်ထက် တော်တော့်ကို သိသိသာသာနဲ့ အရင်ကာလတွေထက် ကျယ်နေတယ်။မိုးဗြဲမှာလည်း ရက်ဆက်နေသလို လွိုင်ကော် ဘက်မှာလည်း အပြင်းအထန်ဖြစ်နေတယ်။စကစက ဘက်ပေါင်းစုံသွေးထိုးစမ်းပြီး တိုးလာနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။
ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ တိုက် ပွဲမှာ ယနေ့အထိ ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က အများအပြားသေဆုံးနေပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော် များလည်း ထိခိုက်ကျဆုံးမှုအချို့ရှိနေသည်။
