ရခိုင်ပြည်နယ် အမ်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရဲစခန်းတစ်ခုလုံး ကြောက်ရွှံ့နေကြသည်ဟု ဒေသခံများက ပြောသည်။
ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်)ညနေ ၅နာရီခန့်က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ရဲအုပ်သက်လှိုင်က ရခိုင်လူမျိုး။ ဘာကြောင့်ဖမ်းတယ်တော့ မသိရသေးဘူး။ ပြည်နယ် စရဖကနေဆင်းဖမ်းတာလို့တော့ သိရတယ်။ အမ်းရဲစခန်းက ရဲတွေလည်း လန့်နေကြတယ်”ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရခိုင်လူမျိုးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးနေသည်။
မကြာသေးမီကလည်း မြောက်ဦးမြို့မှ ရခိုင်လူငယ် အဆိုတော်တစ်ဦးကို ဖမ်းဆီးခဲ့သည်။
