မကွေးတိုင်း ပခုက္ကူခရိုင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ငါးဦးသည် ၎င်းတို့ အစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ် Young Force (UG) တပ်ဖွဲ့က သတင်းထုတ်ပြန်ဘသည်။
ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။
၎င်းတို့ ငါးဦးစလုံး လွတ်မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် နေရာကဏ္ဍ အသီးသီးမှ ပါဝင်ကူညီပေးပါသော မြို့နယ်(ပကဖ)နှင့် အခြားသောနယ်မြေခံ အဖွဲ့အစည်း၊မဟာမိတ် တပ်ဖွဲ့များအား လွတ်မြောက်လာသူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ဘေးကင်းရာသို့ ရောက်ရှိရေး ကယ်ထုတ်ခဲ့သည့် အဖွဲ့အစည်းများမှာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)၊ ဒေသခံLDFများဖြစ်ကြသည့် ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့်သက်ဆိုင်ရာနယ်မြေခံအဖွဲ့များ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
