လက်နက်အင်အားမမျှ၍ စခန်းတစ်ခု မီးရှို့ဖျက် ဆီးခံလိုက်ရကြောင်း မကွေးတိုင်း၊ ယောဒေသအခြေစိုက်The Youth Force (Saw&Kyaukhtu) က ယနေ့(စက်တင်ဘာ ၁၁ ရက်).ထုတ်ပြန် သည်။
ယမန်နေ့(စက်တင်ဘာ ၁၀ ရက်)က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၇၇)မှ အင်အား ၉၀ပါအဖွဲ့သည် စစ်ကြောင်းထိုး၍ TYF ၏ နယ်မြေအတွင်းဝင်ရောက်လာခြင်းဟု ဆိုသည်။
“ကျောက်ထု အမြှောက်တပ်က နေထွက်လာတာ။ထိပ်တိုက်ယှဥ်ပစ်ဖို့က အင်အား မမျှတော့ စခန်းကိုစွန့်လိုက်တယ်”ဟု TYF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

TYFတပ်ဖွဲ့ဝင်များ ဘေးကင်းပြီးစစ်အသုံး အဆောင်ပစ္စည်းများ တစ်စုံတစ်ရာပါဝင်သွားခြင်း မရှိသော်လည်း စခန်း၏တဲများကို အကြမ်း ဖက်စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ကြောင်း အသိပေးသည်။
ထို့အပြင် စခန်းအနီးအနားရှိ ပြည်သူများ၏တဲများနှင့် လှည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း ဖော်ပြသည်။


အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ဇမ္မူတောင်အနီးအနားတွင် စစ်ရေးလှုပ် ရှားလျက်ရှိနေသေးကြောင်းလည်း TYF က ဆိုသည်။
စစ်ကောင်စီကို တိုက်ခိုက်ရာတွင် TYF အနေဖြင့် လက်နက်ပစ္စည်းကူညီထောက်ပံ့မှုများရရှိရေးကို တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ မျှော်လင့်နေရဆဲသာဖြစ်ကြောင်း အသိပေးသည်။
