အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (MOGE)က အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်း လွှာပုံစံများအား ယနေ့(စက်တင်ဘာ ၉)တွင် အသိပေးထုတ်ပြန် သည်။
ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားပေးမည့် ဆရာ/ ဆရာမများနှင့် မိဘအုပ် ထိန်းသူများအနေဖြင့် မေးခွန်းလွှာဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းလွှာပုံစံများကို ကြိုတင်လေ့လာနိုင်ရန်အတွက် (၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ ဘာ သာရပ် အလိုက် နေ့စဉ်ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်”ဟု NUG၊ MOGE က အသိပေးသည်။
မကြာမီကာလအတွင်း Online System(သို့ မဟုတ်)အင်တာနက်မရသောဒေသများတွင်ပါ Offline ဖြေဆိုနိုင်ကြရန် ဖြေဆိုရမည့်နည်းလမ်းများကို သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံအသိပေး ကြေညာပေးသွားမည်ဟု ဆိုသည်။
“ဖြေဆိုလိုသူများအနေနဲ့ နာမည်စရင်းသွင်းခြင်းregistration ကို အောက်တိုဘာလအတွင်းမှာစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”ပညာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က အသိပေးသည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များအားလုံးကို အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Website ၊ တရားဝင်လူမှုကွန်ယက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံ ပညာရေးအဖွဲ့ အစည်းများထံသို့ အချိန်မီ စဉ်ဆက်မ ပြတ်ပေးပို့ အသိပေးကြေညာပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည့် နမူနာမေးခွန်းပုံစံမှာ ယခင်ကအသုံးပြုခဲ့သော စာမေးပွဲမေးခွန်းပုံစံများနှင့်မတူဘဲ နားလည်တတ်မြောက်မှုကို အဓိကရည်ရွယ်သည့် အဖြေမှရွေးချယ်စေသည့်မေးခွန်းအများစုပါဝင်သည်ကို တွေ့ရသည်။
