မွန်ပြည်နယ် သထုံမြို့ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ယနေ့(စက်တင်ဘာ ၉ရက်)နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထိမှန်ခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။
သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဘန်ကာ၌ ကင်းစောင့်ရင်း ဖုန်းသုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။
သထုံမြို့နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန်လည်း သထုံမြို့နယ်(ပကဖ)က အသိပေးခဲ့သည်။
စက်တင်ဘာ ၅ရက်ကလည်း သထုံ(ပကဖ) အနေဖြင့် ကြာပန်း တိုးဂိတ်အနီး ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို (၄၀)မမ ဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
