Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မထောရွာသားတစ်ဦးက BGFထံမှ လက်နက်သုံးလက်နှင့် ကျည်များယူလာပြီး KNU တပ်မဟာ(၅)ထံအပ်နှံ

စောမီးလေးသည် သူသည် ကိုယ်အင်္ဂါ မပြည့်၀သောသူဖြစ်သော်လည်း ၎င်း၏မျိုးချစ်စိတ်နှင့် အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်မှု ကြောင့် တပ်မဟာ(၅) တာဝန်ရှိသူများကလည်း ဆုငွေအဖြစ် ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ - KNU-Mutraw News

သားနှစ်ဦး BGFမှ နှုတ်ထွက်ရန်ခေါ်မရ၍ လက်နက်များယူလာခြင်းဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် အတွင်းရှိ မထောရွာသားတစ်ဦးသည် စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ထံမှ လက်နက်သုံးလက်နှင့် ကျည်များ ယူလာပြီး KNU တပ်မဟာ(၅)ထံ အပ်နှံခဲ့ကြောင်း တပ်မဟာ(၅)က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

သတင်းရင်းမြစ်တစ်ဦး၏ ဘာသာပြန်ပြောကြားချက်အရ မထောရွာသား စောမီးလေး ဆိုသူသည် BGF တပ်ဖွဲ့၏ စည်းရုံးမှုကြောင့် သားဖြစ်သူ နှစ်ဦး BGF တပ်သို့ ဝင်ရောက်သွားခဲ့ကြောင်း၊ အဆိုပါ သားနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရာ သားနှစ်ဦးသည် ပြန်မလိုက်လာ၍ BGF ဆီက လက်နက်သုံးလက် ယူဆောင်လာခဲ့ခြင်းကြောင်း ရှင်းပြသည်။

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ – KNU-Mutraw News

စောမီးလေး ယူလာသောလက်နက်များမှာ AR တစ်လက်၊ ကျဉ်ကပ်တချပ်၊ ကျည် ၃၀တောင့်၊G-3 တစ်လက်၊ ကျဉ်ကပ် ၂ ချပ်၊ ကျည် ၁၁၃ တောင့်၊ Carbine တစ်လက်၊ ကျည်ကပ်တချပ်၊ ကျဉ်တောင့် ၁၅ တောင့်တို့ ဖြစ်ပြီး KNU တပ်မဟာ(၅) တာဝန်ရှိသူထံ အပ်နှံခဲ့သည်ဟုဆိုသည်။

စောမီးလေးသည် သူသည် ကိုယ်အင်္ဂါ မပြည့်၀သောသူဖြစ်သော်လည်း ၎င်း၏မျိုးချစ်စိတ်နှင့် အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်မှု ကြောင့် တပ်မဟာ(၅) တာဝန်ရှိသူများကလည်း ဆုငွေအဖြစ် ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ – KNU-Mutraw News

KNU တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို နေ့စဉ်နီးပါး တိုက်ခိုက်သည့်အဖွဲ့အစည်းဖြစ်ပြီး ၎င်းနယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များစွာဖြင့် အထိနာလျက်ရှိသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ KNU တပ်မဟာ(၅)ထံ အလင်းဝင် ခိုလှုံလာသူ ၇၀ ခန့်ရှိကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်(၄) ဦး အသက်စွန့်ခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

သတင်း

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

သတင်း

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

သတင်း

KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိရာ ဩဂုတ်လအတဗွင်းက တိုက်ပွဲ၁၁၈ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၈၀ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။