ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၈ ရက်)ည ၈ နာရီ ၁၉ မိနစ်ခန့်က အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Human Rights Defenders (HRD)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“အမှတ် (၃)လမ်းဆုံမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ မိမိဖက်မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူဖက်မှ ဆုံးမှုရှိနိုင်သည်”ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက အသိပေးသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိပ်အား လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိရသေးပေ။
ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။
