ရခိုင်ပြည်နယ် စစ်တွေမြို့လယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။
စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိပ္ပံဆိုသူသည် စက်တင်ဘာ ၈ရက် ည ၆နာရီ၃၀မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု ဒေသခံများကပြောသည်။
“မြို့လယ်က မီးပွိုင့်ကို ဆိုင်ကယ်နဲ့ ဖြတ်ဖို့ စောင့်နေချိန် အနီးကပ် ပစ်သွားတာ။ လူနှစ်ယောက်က ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲအုပ်သိပ္ပံ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် ၎င်း၏ ဇနီးနှင့်သမီးဖြစ်သူ ရှိနေသည်။ ပစ်ခတ် သူနှစ်ဦးက ရဲ အုပ်သိပ္ပံ တစ်ဦးတည်းကိုသာ ပစ်မှတ်ထားသုတ်သင်သွားခြင်းဟု ဒေသခံအချို့ကပြောသည်။
ရဲအုပ်သိပ္ပံသည် ဦးခေါင်းကို အနီးကပ်ပစ်ခတ်ခံရပြီးနေရာတွင်ပင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် အချို့က ဆိုသည်။အဆိုပါ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ၊စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲရဲများက လူမှုကွန်ရက် တွင် ရေးသားနေကြသည်။
နယ်ထိန်းရဲ့အရာရှိအား မည်သည့်အဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်သည်ကို မသိရသေးပေ။ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ် တော် (AA)နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။
ပြီးခဲ့သည့် သြဂုတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီအထိနာခဲ့ပြီး စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ဒေသခံအရပ်သားများကို ဖမ်းဆီးစစ် ဆေးမှုများ ပြုလုပ်နေည်။
