နန်းထိုက်အောင်စစ်ဆင်ရေး အဖွင့်အနေဖြင့် ပဲခူးမြို့နယ် အင်းတကော်မှ စစ်ကောင်စီခန့် ကာကွယ်ရေးခေါင်း ဆောင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း အင်းတကော်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။
စက်တင်ဘာ ၆ ရက်နေ့ည ၉ နာရီကျော်က အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ စစ်ကောင် စီခန့်ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုဆိုသူ ဦးကျော်ဆင့်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။
“ကင်းပိုင်ကျုံကျေးရွာနေ ဦးကျော်ဆင့်ဆိုသူသည် မိမိကိုယ်ကို ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုကြွေးကြော်လျက် ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊စခ ရခ များအားကျေးရွာအတွင်းခေါ်၍ မျက်နှာလို မျက် နှာရလုပ်ကာ ရွာသားများအား ဒုက္ခပေါင်းစုံပေးခြင်းတို့ကြောင့် တစ်ရွာလုံး၏ ချဉ်ဖတ်အဖြစ်စုံစမ်းသိရှိရပါ သည်”ဟု IPDF က ဆိုသည်။
ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
IPDF အနေဖြင့် နယ်မြေအတွင်းရှိ ပြည်သူများအားဒုက္ခပေးမည့်၊ ဒုက္ခပေးနေသည့် မည်သူ့ကိုမဆို ရှင်းလင်း ၍ ပြည်သူကိုအမှန်တကယ် အကာကွယ်ပြုပေးနိုင်ရန် ဖွဲ့စည်းထားသည့်အဖွဲ့စည်းဖြစ်ပြီး ယခုပြုလုပ်သော စစ်ရေးတိုက်ခိုက်မှုသည် ပဲခူးမြို့နယ်စီမံချက် နန်းထိုက်အောင်စစ်ဆင်ရေး၏ အဖွင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
