တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက အတွဲလိုက်ဒုန်းများဖြင့်ပစ်ခတ်ရာ စာသင်ကျောင်းဝန်းရှိ ဝန်ထမ်းအိမ်ယာ ထိမှန်ပျက်စီးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF)က ထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၁ နာရီ ၄၅မိနစ်ခန့်တွင် ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်ရင်းမှ အတွဲလိုက်ဒုန်းခြောက်လုံးခန့်ကို ပစ် ခတ်ခဲ့ခြင်းဟု ဆိုသည်။
ထိုသို့ ပစ်ခတ်မှုမှာ မည်သည့်တိုက်ပွဲမျှ မရှိခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ဘေးရှောင်ပြည်သူများရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
“နန်းမယ်ခုံဘက်ကို ပစ်တာ။လက်နက်ကြီးသံ တွေက ရှင်းရှင်းလင်းလင်း ကို ကြားခဲ့ရတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ယခုဖြစ်စဥ်မတိုင်မီကလည်း စစ်ဘေးရှောင်ပြည် သူများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု အသိပေးသည်။
ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်ပြည်သူများနှင့် စစ် ဘေးရှောင်ဒေသခံများသည် စာသင်ကျောင်း များ နှင့် မိမိနေထိုင်ရာ ဝန်းကျင်တွင် ဗုံးခိုကျင်များတူးထားရန်၊ လက်နက်ကြီးသံနှင့် တိုက်လေယာဥ်သံများကြားပါက ဗုံးခိုကျင်းရှိရာသို့ ချက်ချင်း နေရာယူကြရန် PDFက တိုက်တွန်းသည်။
ထို့အတူ စစ်မြေပြင်နှင့် နီးစပ်သော ကျေးရွာများ ရှိပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင် စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်း အမြောက်အများရှိနေခြင်းကြောင့် နေရပ်သို့ ပြန်လာခြင်းရှောင်ကြဥ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
