မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၆)ရက် မနက်အစောပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မ(၂၂)လက်အောက်ခံ ခလရ(၈၁)က စစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဟာ အနီးအနားကျေးရွာတွေထဲကို လက်နက်ကြီး ၁၂၀(မမ)နဲ့ ပစ်ခတ်ခဲ့ရာ ထီးမူးထရွာအတွင်းကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ နွားတစ်ကောင်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
