Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်းစစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၂ဦးသေ၊ လက်နက် (၈)လက်နှင့် ကျည်၊ခဲယမ်းများရ

KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိရာ ဩဂုတ်လအတဗွင်းက တိုက်ပွဲ၁၁၈ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၈၀ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။

မူတြော် (ဖာပွန်)ခရိုင်တွင် စခန်းချသည့် စစ်ကောင်စီတပ်​၏ ဖားဂေါ်လုစခန်းမှ သိမ်းစည်းရမိသော လက်နက်ခဲယမ်းများအား ပြသထားစဉ်၊ ဓာတ်ပုံ - Thoolei Poe
မူတြော် (ဖာပွန်)ခရိုင်တွင် စခန်းချသည့် စစ်ကောင်စီတပ်​၏ ဖားဂေါ်လုစခန်းမှ သိမ်းစည်းရမိသော လက်နက်ခဲယမ်းများအား ပြသထားစဉ်၊ ဓာတ်ပုံ - Thoolei Poe

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် (ဖာပွန်)ခရိုင်တွင် စက်တင်ဘာလဆန်းအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီနှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့မှ သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင်အတွင်းစက်တင်ဘာ ၂ရက်နှင့် ၃ရက်တိုက်ပွဲသတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၃ရက်က ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ကတိုင်တိကျေးရွာအတွင်း အခြေချသည့် BGFတပ်ကို KNU တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း(၁၀၂) တပ်ဖွဲ့ဝင်များကခြုံခိုတိုက်ခိုက်ခဲ့ရာBGFဘက်မှ တပ်ခွဲမှူးအပါအဝင် လေးဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်သည်။ယင်းတိုက်ပွဲ၌ တပ်မဟာ (၅) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ် ခေါ့ဒေးဝါမီလူ ဒေသအတွင်းရှိ စစ်ကောင်စီတပ်ကို တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ် ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး လက်နက် (၈)လက်နှင့် ဗုံးသီးများ၊ကျည်များ ၊ စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ပွဲ၌ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိရာ ဩဂုတ်လအတဗွင်းက တိုက်ပွဲ၁၁၈ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၈၀ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (စက်တင်ဘာ ၆ ရက်)တွင် အာဇာနည်သူရဲကောင်း ရဲဘော်သန့်ဇင်ဦး၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ပြီး Myaung PDF Cdsom နှင့် မဟာမိတ်များ၊ ပြည်သူများက တက်ရောက်ကာ အလေးပြုခဲ့ကြသည်။

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

သတင်း

"ကွတ်ခိုင်မှာက ည ၇နာရီခွဲလောက်ကစပြီး မြောက်ပိုင်းအဖွဲ့က လာတိုက်တာ။ သိန္နီမှာကျတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။