မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေး(MPT)ရုံးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက် ခိုက်ခဲ့ကြောင်း Mandalay Young Force – MYF က ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် ၁၂၀ လမ်း၊ လမ်း ၆၀ x ၆၁ လမ်းကြားရှိ MPT ရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်လုပ်ဗုံးတစ်လုံဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ကျနော်တို့သည် ပြည်သူအချို့ကိုငဲ့ညှာပြီး ရှောင်လိုက်ရတဲ့အတွက် လိုအပ်တဲ့ပစ်မှတ်ကို မပစ်နိုင်ခဲ့ဘူး”ဟု MYF က အသိပေးသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကာင်စီ တပ်စွဲထားသောနေရာများ၊ ပတ်ဝန်းကျင်များတွင် အနီးကပ်သွားလာလှုပ်ရှားခြင်းများ မပြုကြရန် MYF မှတောင်းဆိုထားသည်။
ပြီးခဲ့သည်နှစ် ၂၀၂၁ နိုဝင်ဘာအတွင်းကလည်း အထက်ပါ MPT ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား Generation Z Power (Mandalay) မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
