မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အနီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ၅ရက်) နံနက်ပိုင်းက မြို့သာစက်မှုဇုန်အနီးတွင် စစ်ကေယင်စီတပ် ယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရကာ ထိုကားမှာ နောက်ပြန်လဲခဲ့ပြီး အထိခိုက်များနိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းမည်သည့်အဖွဲ့ကမျှ လက်တလောထုတ်ပြန်ထားခြင်းမရှိသေးပေ။
မွန်းလွဲ ၁နာရီခန့်တွင် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်ရှိ ထန်းတပင်ရွာကို အင်အား ၄၀ကျော်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ နေအိမ်အချို့မှ ငွေနှင့် ဖုန်းများသိမ်းယူကာ ရွာသားလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
မြို့သာစက်မှုဇုန်အနီးတွင် ယခင်ကလည်း စစ်ကောင် စီယာဥ်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်။
