တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင် စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
” ကျွန်တော်တို့တပ်ရင်း(၂)ရဲ့ တပ်ခွဲ(၂)၊တနင်္သာရီကာကွယ်ရေးပြောက်ကျား၊တနင်္သာရီရိုးမပူးပေါင်းအဖွဲ့နဲ့ စစ်ခွေးတွေ တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်ခွေး နှစ်ကောင်ကျပါတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ပွဲသည် ယနေ့(စက်တင်ဘာ ၄ရက်) နေ့လည် ၁၂နာရီခန့်တွင် စတင်ခဲ့ပြီး ၁နာရီခန့်အကြာတွင် ပြီးဆုံးခဲ့သည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်။
တိုက်ပွဲဝင်သည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် အဖွဲ့ကို ဒေါင်းနီစစ်ကြောင်းဟုအမည်ပေးကာ တိုက်ခိုက်ခဲ့ခြင်းဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်က ရှင်းပြသည်။
