Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူ ကာဘိုးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

(ကာဘိုးဆည်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)
(ကာဘိုးဆည်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၃ရက်)နံနက် ၁၁နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသော ကာဘိုးစစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနှင့်ပျူ ၁၅ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းအဖွဲ့များက Voice Of Taze သို့ သတင်းပေးထားသည်။

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

သြဂုတ်အတွင်းက စစ်ကောင်စီတပ်များသည် ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်စပ်​ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၄၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။

သတင်း

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။