ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့(CID) ရုံးအား ပစ်မှတ်ထား၍ ဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း War Of Hunter Revolution Force-WOH က ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့ ည ၉ နာရီခန့်တွင် ၊ ဗဟိုလမ်း၊ မီးရထားသံလမ်းဘေးရှိ CIDရုံးကို အဝေးထိန်း တစ်လုံးအသုံးပြု ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။
ဖောက်ခွဲမှုဖြစ်စဥ်တွင် ထိခိုက်မှုအသေးစိတ်ကို မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း WOH က အသိပေးသည်။
“ဗုံးကည ၉နာရီ ထိုးခါနီးလေမှာ ပေါက်တာ။ဘယ်နေရာမှန်းမသိလို့ ။အသံတော့ တော်တော်ကျယ် တယ်”ဟု အင်းစိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
ယခုဖြစ်စဥ်မတိုင်မီ သြဂုတ် ၃၁ရက်ကလည်း အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံခဲ့ရပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို မသိရသေးပေ။
