ကရင်နီ(ကယား)ဒေသ ပညာရေးကျောင်း (၁၂၀)ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ”အစီအစဥ် ယနေ့(စက်တက်ဘာ ၃) စတင်ပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU)က အသိပေးထုတ်ပြန် သည်။
အဆိုပါအစီအစဥ်ကို ယနေ့စက်တင်ဘာ ၃ ရက်မှ စက် တင်ဘာ ၁၆ ရက်အထိ (၁၉)ရက်တာ လှုပ်ရှားမှုမှ ကူညီပံ့ပိုးငွေကျန်းသိန်းသုံးရာ့ငါးဆယ်ကျော်(၃၅,၄၃၈,၀၀၀) ရရှိရန် မျှော်မှန်းထားသည်ဟုသိရသည်။
ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် CDM ဆရာ၊ ဆရာမများ၊ Volunteers ဆရာ၊ ဆရာမများ နှင့် စစ်ရှောင်ပြည်သူများ၏ ပူးပေါင်းမူအားဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရူံးရစေရန် ကြား ကာလ ပြည်သူ့အခြေပြု ကိုယ်ထူကိုယ်ထကျောင်း (၁၂၃)ကျောင်း ကျော်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အကူအညီများလိုအပ်နေခြင်းကြောင်း ယခုအစီအစဥ်ကိုပြုလုပ်ခြင်းဖြစ်ကြောင်း အသိပေးသည်။
“တော်လှန်ရေးကြားကာလ ပြည်သူ့အခြေပြုကျောင်းများ ကောင်မွန်စွာ လည်ပတ်နိင်ရေးအတွက် အခက်အခဲများစွာရှိနေပါသည်။ထိုလိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် လိုအပ်သည် ပမာဏ ပြည့်မြောက်ရန် ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်”ဟု KBETU ကဖော်ပြသည်။
ရံပုံငွေမှရရှိငွေများကိုဒီမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂထံမှတစ်ဆင့် ဒီမော့ဆိုမြို့နယ်ရှိ ကြားကာလ ပြည်သူ့အခြေပြု မြေပြင်ကျောင်းများသို့တိုက်ရိုက် စီးဆင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။
အထက်ပါ လှုပ်ရှားမှုအစီအစဥ်ကို ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ထားဝယ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ လူငယ်များသမဂ္ဂ (ဗဟို)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ နေပြည်တော်သူနာပြုသင်
တန်းကျောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ပျဥ်းမနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စသည့် ကျောင်းသားသမဂ္ဂများနှင့် Fundraising by YZT နှင့်ကယားပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
