စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ဟု Zero ပြောက်ကျားတပ် ပြော
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၃ ရက်) နေ့လည် ၁၁ နာရီ ၃၉ မိနစ်ခန့်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားသုံးဦးနှင့် ရဲနှစ်ဦးကို ဝလေးလုံးဘုရား ဘေးမှ အနီးကပ်၍ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကြိုတင်ထောက်လှမ်းတယ်။ပြီးတော့ စောင့်ဆိုင်းပြီး မစ်ရှင်ကို ဆောင်ရွက်ခဲ့တာ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက် ကြီးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး သုံးဦမှာ အတွင်းလူနာအဖြစ် ကုသနေရသည်ဟု အသိပေးသည်။
ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
စစ်ကောင်စီတပ်ကို အချိန်မရွေး၊နေရာ မရွေး ဆက်လက်တိုက်ခိုက်သွားမည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ကတိပြုသည်။
