မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရချိန် ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေး ပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်) က ကိုအောင်နိုင်သူ ကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်မှာ ထောင် ၃ နှစ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလအတွင်းက ဖမ်းခံရတာဖြစ်ပြီး မနေ့က အိုးဘိုထောင်တွင်း တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့အမိန့်ချခဲ့တာပါ။
ကိုအောင်နိုင်သူဟာ ဖမ်းခံရပြီးနောက် အိုးဘိုထောင်တွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်လို့ဆိုကာ ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ဒီနေ့ထိတိုင် တိုက်ပိတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ထောင်တွင်းဆန္ဒပြပွဲမှာ ထောင်အာဏာပိုင်တွေရဲ့ ခွေယိုင်လဲကျတဲ့အထိရိုက်နှက်ခံခဲ့ရပြီး မနေ့က အမိန့်ချတဲ့ ရုံးချိန်မှာ ဝှီးချဲနဲ့ ရုံးထုတ်ခဲ့ရတယ်လို့သိရပါတယ်။
