ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်စဥ်ကလက်နက်ချခဲ့သော စစ်သုံ့ပန်းငါးဦး၏သဘော ဆန္ဒကို ၎င်းတို့မိသားစုဝင်များသိစေရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂) က ယနေ့(စက်တင်ဘာ ၂ ရက်) ထုတ်ပြန်သည်။
မေလ ၁၂ ရက်က ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့စဥ်က စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ တပ်သားသုံးဦးမှ လက်နက်ချခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ငါးဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တွင် ထိန်သိမ်းထားရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် စက်တင်ဘာ ၁ ရက်က ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ က စစ်သုံ့ပန်း ငါးဦးထိန်းသိမ်းထားရှိရာနေရာသို့ ရောက်ရှိတွေ့ဆုံခဲ့သည်။
၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် အရေးယူခံရမည်စိုး၍ နေရပ်သို့ပြန်လိုသေးခြင်းမရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်ပြီးအဆင်ပြေပြေနေရကြောင်းကိုမူ မိသားစုကို သိစေချင်ကြောင်း နှင့် ၎င်းတို့ကိုမစိုးရိမ်ပါရန်မှာကြားလိုကြောင်း ဖော်ပြသည်။
ထို့ကြောင့် ကာယကံရှင် စစ်သုံ့ပန်း ငါးဦး တို့၏ သဘောဆန္ဒကိုသက်ဆိုင်ရာ မိသားစုဝင်များအားသိရှိစေနိုင်ရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က အသိပေးသည်။
ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲတွင် ထီရိစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်။
