စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသခံပြည်သူအား အကြမ်းဖက်နေသည့် ပျူစောထီးအဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ၎င်းတို့၏ လက်နက်တစ်လက်ပါ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ၁ ရက်) ညပိုင်းက မြင်းမူနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပေါင်းပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသော ပျူစောထီးသုံးဦးအား မဟာမိတ်ညီနောင်များနှင့်ပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်လုပ် သေနက်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း Nway Oo Takhon PDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Nway Oo Takhon PDFအဖွဲ့ တာဝန်ရှိသူက “မဟာမိတ်သုံးဖွဲ့နဲ ပျူလေးကောင်ကို ဝင်ဖမ်းတယ်။ သုံးကောင်မိပြီး တစ်ကောင်လွတ်သွားတယ်။ သေနတ်တစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချိူ့ ရပါတယ်။ဒီပျူတွေက မြင်းမူဘက်မှာ လှုပ်ရှားပြီး ငါန်းဇွန်ဘက် က ပျူတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပျူတွေဟာ စကစသတင်းပေးလုပ်တယ်။ အကြမ်းဖက်စကစတပ်တွေစစ်ကြောင်းထိုးတဲ့အခါလမ်းပြလိုက်တယ်။အလိုတူအလိုပါပြည်သူလူထုအိုးအိမ်ကိုဖျက်ဆီးနေကြသူတွေပါ။”ဟု ပြောကြားသည်။
မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။
