ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် (ခ)စိန်ခေါ်သံဆိုသူအား ပစ်ခတ်ရှင်းလင်းလိုက် ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)၊ တပ်စု (၇) ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ထုတ်ပြန် သည်။
ယမန်နေ့ (စက်တင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၅၀ ခန့်က ပေါင်းတည်နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းစိန် ဆိုသူအား ပေါင်းတည် PPDF မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။
အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။
သောင်းစိန်သည် လောင်းကစားဝိုင်းများပြုလုပ် ခြင်း၊ ပြည်သူများကို PDF များနှင့် မပတ်သက်ရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းတို့အပြင် စစ်ကောင်စီ၏အမာခံဒေါက်တိုင်ဖြစ်သဖြင့် Paungde People Defense Force-PPDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၃) တပ်စု(၇) မှ ပစ်ခတ် သုတ်သင်ရှင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
