Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄-၅၆ ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ရာ ကမ္ဘာကျော် ပါဝါ -၅၄ (ခြံအမှတ် ၅၄-၅၆) ခြံဝန်းဧရိယာ ၁.၉၂၃ ဧက နှင့် ယင်းအကျယ် အဝန်းအပေါ်ရှိ ရွှေ့ပြောင်းမရသည့် အဆောက်အအုံအားလုံးကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာခြင်းဖြစ်သည်။

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

အထက်ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၄(ခ)တွင် ဝန် ကြီးဌာနသည် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်အတွေ့အကြုံ ပြန်သုံးသပ်ပြီး လာမည့်နှစ်မဟာဗျူဟာကို ညှိနှိုင်းဆွေးနွေးရေးဆွဲနေသည်ဟု ဆိုသည်။

သတင်း

“မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်း

အထက်ပါ Skywalk ဘဏ္ဍာငွေရှာဖွေရေးအစီအစဥ်အား သြဂုတ် ၃၀ ရက်မှ စက်တက်ဘာ ၁၅ ရက်အထိ ၁၇ ရက်တာကာလအတွင်း ဘဏ္ဍာငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။