ရွေးကောက်ပွဲအနိုင်ရအောင် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူ တို့ ၃ ဦးကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။
ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တာပါ။
အဲဒီပုဒ်မရဲ့ အမြင့်ဆုံးချနိုင်တဲ့ ထောင်ဒဏ် ကို စစ်ကောင်စီက ချလိုက်တာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်လည်း စစ်ကောင်စီက မပေးကြောင်း တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ် ၃ နှစ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် နှစ် ၂၀ ထိချထားပြီဖြစ်ပါတယ်။
