လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော ရဲတပ်သားအား ကျပ်သိန်း (၇၀)ပေးအပ်ပြီး အခမ်းအနားဖြင့် ဂုဏ်ပြုပေးခဲ့ကြောင်း The Youth Force (Saw & Kyaukhtu)က ယနေ့ (စက်တင်ဘာ ၁ ရက်) ထုတ်ပြန်သည်။
ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းသည် ဗုံးသီး (၄) လုံး ၊ ကျည် (၃၀၀) တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် (၂)ခုဖြင့် The Youth Force (Saw&Kyaukhtu) ထံသို့ ယမန်နေ့က ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်သည်။




“အခု CDM ရဲတစ်ယောက်အပါအဝင် ကျွန်တော်တို့တပ်ဖွဲ့ထဲကို စုစုပေါင်း CDM လုပ်လာတဲ့ စစ်သားနဲ့ရဲ ၁၀ဦးကျော်ရှိပြီ”ဟု The Youth Force (Saw&Kyaukhtu) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းသည် ရဲတပ်သားတာဝန်ကို ၂၀၁၇ ဇူလိုင် ၁၃ရက်တွင် စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အသိပေးသည်။
The Youth Force (Saw & Kyaukhtu) မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့်ခမ်းနားစွာဂုဏ်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
